တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ပြုလုပ်ကျင်းပ

ကရင် ( ၇-၁-၂၀၂၂ )

          တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ကရင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံးမှ ဉီးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အခမ်းအနားကို (၇-၁-၂၀၂၂) ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မဲဘောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာဥပဒေများ၊ ရှေ့လုပ်ငန်းစဉ် မဟာဗျူဟာများကို ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်း ဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုသွယ်ဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှ ကလေးသူငယ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအမျိုးသမီးများအတွက် အခွင့်အရေးများ၊ မသန်စွမ်း သူများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားအဆင့် မဟာဗျူဟာ၊ လူငယ်ရေးရာမူဝါဒ၏ အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများ၊ လူ့အခွင့်အရေးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဉီးစီးဌာန၊ ကရင်ပြည် နယ်ညွှန်ကြားရေးမှူးရုံးမှ ဉီးစီးအရာရှိ ဉီးကျော်ကျော်လွင်က အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ် စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ၊ လူမျိုးပြုန်းတီးစေမှု တားဆီး ရေးနှင့် ပြစ်ဒဏ်ပေးရေးနိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ COVID-19 တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသူများနှင့် စစ်တမ်းဖြေဆို သူများအပါအဝင် ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသား စုစုပေါင်း(၅၅) ဉီးတက်ရောက်ခဲ့ပြီး တက်ရောက် လာကြသော တိုင်းရင်းသားတို့၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Share: