ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးအောင် ကြည်ဝင်းနှင့် ကျိုင်းတုံမြို့ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲကို (၁၃-၆-၂၀၂၂) ရက်နေ့၊ နံနက် ၉ နာရီ အချိန်တွင် ကျိုင်းတုံမြို့၊ စည်ပင်သာယာရေးကော်မတီအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း၍ ငြိမ်းချမ်း ရေးဆွေးနွေးပွဲများဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှ ဒေသဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တည်ငြိမ်အေး ချမ်းလျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊  သို့ဖြစ်ရာ တိုင်းရင်းသားအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်   သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်  အလေး အနက်တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ဒေါ်မင်းမင်းသာက တိုင်းရင်းသားတို့၏ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်း သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်တာဝန်ခံ ဦးချစ်ဇော်လင်း က တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပါသည်။

ထို့နောက် ကျိုင်းတုံမြို့နယ်ရှိ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းနေ၊ တိုင်းလုံ၊ တိုင်းလွယ်၊ လားဟူ၊ အာခါ၊ “ဝ”၊ လီဆူ၊ တအာင်း(ပလောင်)၊ ဗမာ၊ အဲန်၊ အားခေ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များက တစ်ဦးခြင်း နှုတ်ခွန်းဆက်စကားပြောကြားပြီး လိုအပ်သည်များ အကြံပြုတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ကျိုင်းတုံမြို့နယ်အတွင်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းလျှောက်ထား လာသည့်ကိစ္စများနှင့်စပ်လျဉ်း၍ သဘောထားမှတ်ချက် ပြန်ကြားနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

Share: