တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ကျိုင်းတုံမြို့တွင် ကျင်းပပြုလုပ်

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်

         တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသား ရေးရာဝန်ကြီး၏ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာပညာပေးဟောပြော ခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အခမ်း အနားကို (၁၄-၆-၂၀၂၂) ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ လိရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင် ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် မဟာဗျူဟာရေးဆွဲမှုအခြေအနေများကိုလည်း ကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က လူမှုဝန်ထမ်းဦးစီး ဌာနမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသန်းအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ ဆိုင်ရာအန္တရာယ်အကြောင်းကိုလည်းကောင်း၊ ဒုတိယရဲမှူး အောင်ကျော်ဇင်က လူကုန်ကူးမှု ကာကွယ်တားဆီးရေးကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး တက် ရောက်လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဆွေးနွေးပွဲစကားဝိုင်းများ ဖွဲ့စည်းပြီးနောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်နှင့် ပတ်သက်၍ ဂုံရှမ်း၊ လိရှမ်း၊ တိုင်းလွယ်၊ ‘ဝ’၊ အားခေ၊ အဲန်၊ ဗမာ၊ အာခါ၊ တအာင်း(ပလောင်)နှင့် လီဆူတိုင်းရင်းသားမျိုးနွယ်စုတို့အား စစ်တမ်းကောက်ယူခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ ကျိုင်းတုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့် စစ်တမ်းဖြေဆိုသူများအပါအဝင် စုစုပေါင်း (၁၂၀) ဦးတက်ရောက်ခဲ့ကြပြီး စစ်တမ်းစောင်ရေ (၁၀၀) ကောက်ယူရရှိခဲ့ပါသည်။

Share: