တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့်      ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

နေပြည်တော်   ဇွန် ၁၆

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပရဝုဏ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများက ဝန်ကြီးဌာန၏ ရေကန်အတွင်းသို့ ငါးသားပေါက်များ စိုက်ထည့်ပေးကြ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက သစ်ပင်ပျိုးပင်များ စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေး ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ယမန်နှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့သည့်အနက် (၇၂) ရာခိုင်နှုန်းကျော် ရှင်သန်နေသော နှစ်ရှည်ပင်များအား မြေဩဇာကျွေးခြင်း၊ ပေါင်းသင်ခြင်း၊ ရေလောင်းခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။

ယနေ့အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ စွယ်တော်၊ မန်ဂျန်ရှားပင်နှင့် နှစ်ရှည်ပင်များအပါအဝင် စုစုပေါင်း (၁၈၀) ပင် စိုက်ပျိုးခဲ့ကြကာ ငါးသားပေါက် ကောင်ရေ (၇၀၀၀) စိုက်ထည့်ခဲ့ကြောင်း သတင်းရရှိသည်။

Share: