တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

စစ်တွေ ၊ ဇွန်လ (၂၂)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၂၂) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊    ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များ၊ ဝန်ထမ်းများ တက်ရောက်ကြပါသည်။

ပထမဦးစွာ     ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက် အမှာစကားပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှသာလျှင် တိုင်းပြည်၏ စီးပွါးရေးဖွံဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ သက်မွေးပညာသင်တန်းကျောင်း ပေါ်ပေါက်လာရေး အတွက်  စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း သက်မွေးပညာသင်တန်းများကို မိမိတို့ဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များ ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်း လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ နေ့ထူး နေ့မြတ်နှင့် အထိမ်းအမှတ်ပွဲတော်များကျင်းပနိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်လျက် ရှိပါကြောင်း၊ တိုက်ပွဲရှောင် မြိုတိုင်းရင်းသားအိမ်ထောင်စု(၁၅၀)အတွက် မောင်တောမြို့နယ်တွင်  ကျေးရွာတည်ဆောက်ပေးခဲ့ပြီး ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

၎င်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/အဖွဲ့များက တစ်ဉီးချင်း မိတ်ဆက်စကားပြောကြားကြပြီး စာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာကိစ္စရပ်များ၊ ၎င်းတို့ကြုံတွေ့နေရသည့်အခက်အခဲများအား တင်ပြကြရာ တင်ပြချက်များနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Share: