“အခြေခံစက်ချုပ်သင်တန်း”  ဖွင့်ပွဲအခမ်းအနား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျင်းပ ပြုလုပ်

မြစ်ကြီးနား ဇွန် (၂၁)

တိုင်းရင်းသူများမှ စက်ချုပ်ဒီဇိုင်နာကောင်းများပေါ်ထွက်လာစေရန်၊ စက်ချုပ်နည်း ပညာကို အသုံးပြု၍ အထည်များကို ဒီဇိုင်းလှပခေတ်မီစွာ ဖန်တီး၍ ဈေးကွက်ဝင်အထည်များ အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ အမျိုးသမီးများ တစ်ပိုင်တစ်နိုင် လုပ်ငန်းငယ်လေးများ လုပ်ကိုင် လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ ရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အခြေခံစက်ချုပ်သင်တန်းပြီးမြောက်၍ အဆင့်မြင့် စက်ချုပ်သင်တန်းသို့ တက်ရောက်နိုင်စေရန်ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားများအတွက် “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ နံနက် (၉:၃၀) အချိန်တွင် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဒေါ်ကြည်ကြည်မှ ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနအောက်ရှိ ရက်ကန်းနှင့်အသက်မွေးဝမ်းကျောင်းပညာသင်တန်းကျောင်း၏ လုပ်ငန်းဆောင် ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းသူ တိုင်းရင်းသားအမျိုးသမီး (၂၀)ဦးအား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၊ သင်တန်းသူ တိုင်းရင်းသားအမျိုးသမီး (၂၀)ဦး နှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြပါသည်။ ဆက် လက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စက်ချုပ် သင်တန်းတွင် သင်တန်းသူများသင်ယူနေမှုကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ တိုင်းရင်း သားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂျိန်ဖော့၊ ရဝမ်၊ လီဆူ၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လာချိဒ်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းလေနှင့် ဗမာတိုင်းရင်းသားကိုယ်စားလှယ်ခေါင်းဆောင်များ၊ သင်တန်း သူများ တက်ရောက်ခဲ့ပါသည်။

အခြေခံစက်ချုပ်သင်တန်းတွင် ရဝမ်တိုင်းရင်းသားအမျိုးသမီး(၄)ဦး၊ ဇိုင်ဝါးတိုင်းရင်းသား အမျိုးသမီး(၃)ဦး၊ လီဆူတိုင်းရင်းသားအမျိုးသမီး(၂)ဦး၊ လော်ဝေါ်တိုင်းရင်းသား အမျိုးသမီး (၂)ဦး၊ လာချိဒ်တိုင်းရင်းသား အမျိုးသမီး(၂)ဦး၊ တိုင်းလိုင်တိုင်းရင်းသား အမျိုးသမီး(၂)ဦး၊ တိုင်းလေ တိုင်းရင်းသားအမျိုးသမီး(၃)ဦး၊ ဗမာတိုင်းရင်းသား အမျိုးသမီး(၁)ဦးနှင့် ဂျိန်ဖော့တိုင်းရင်းသား အမျိုးသမီး(၁)ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၁၂၀၂၂) မှ (၂၇၂၀၂၂) ရက်နေ့အထိ ဖြစ်ပါသည်။

Share: