e – Government

e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးနှင့် ဌာန၏ သတင်းအချက်အလက်များ ထိရောက်စွာ မျှဝေဖြန့်ချိနိုင်ရေးတို့ကို ဦးတည် ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အောက်ပါအတိုင်း ဆောင်ရွက်နိုင်ခဲ့ပါသည် –

စွမ်းဆောင်ရည်မြှင့်တင်ခြင်း

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဉီးဆောင်ဖွင့်လှစ် ပို့ချခဲ့သည့် e-Government နှင့် ICT ဆိုင်ရာ သင်တန်းအမျိုးအစား ပေါင်း ၁၇ ခု (၂၆ ကြိမ်) သို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း ၈  ဦးနှင့် အမှုထမ်း   ၁၁ ဦး၊ စုစုပေါင်း  ၁၉   ဦး တက်ရောက်နိုင်ခဲ့ပါသည်။

အခြေခံအဆောက်အဦများဖြည့်ဆည်းခြင်း

ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် အင်တာနက်ဖြင့် ဆက်သွယ်ဆောင်ရွက်မှုများ အဆင်ပြေစေရန် ဝန်ကြီးဌာန၏ ဖိုက်ဘာအင်တာနက်လိုင်း မြန်နှုန်း (Band Width) ကို 10 Mbps မှ  50 Mbps သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုးမြှင့်ရယူ သုံးစွဲနိုင်ခဲ့ပါသည်။ ဝန်ကြီးရုံးနှင့် ဦးစီးဌာန (ရုံးချုပ်) များအားလုံး လွှမ်းခြုံနိုင်မည့် အင်တာနက်ကွန်ရက် ဖြစ်စေရန် Network Cable လိုင်း တိုးချဲ့တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး Dell R740 Server တစ်လုံး အပါအဝင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများကိုလည်း ဝယ်ယူ ဖြည့်ဆည်းနိုင်ခဲ့ပါသည်။

သတင်းအချက်အလက်မျှဝေခြင်း

ဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဌာန၏ ဆောင်ရွက်ချက်များကို အများပြည်သူ သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ လွှင့်တင် ဖော်ပြလျက်ရှိပြီး ဝန်ကြီးဌာနပိုင် Website (moea.gov.mm) ကိုလည်း စက်တင်ဘာလအတွင်း Beta Version အနေဖြင့် လွှင့်တင်နိုင်ခဲ့ရာ ယခုအခါ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊သတင်းများနှင့် တိုင်းရင်းသားလူမျိုးများနှင့် သက်ဆိုင်သည့် အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြလျက်ရှိပါသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။