တိုင်းရင်းသားလူမျိုးများအားလုံးနှင့် ယင်းတို့၏ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများနှင့် တိုင်းရင်းသားအခွင့်အရေးများကို အပြည့်အဝရရှိ ခံစားနိုင်စေရေး အတွက်ဝန်ကြီးဌာနအနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး လူနည်းစုဖြစ်သောတိုင်းရင်းသား
မျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို
ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ အခွင့်အရေး
ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။