လူမှုဘဝမြှင့်တင်ရေး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ယင်းတို့၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့်လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် အခါအားလျော်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။