တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ ချင်းမိုင် ဇန်နဝါရီလ ၂၁
Image

မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ဖလှယ်ရန်၊ တိုင်းရင်းသားရေးရာမူဝါဒနှင့် အခွင့်အရေးဆိုင်ရာများအား လေ့လာရန်နှင့်မျှဝေရန်၊ မဲခေါင်ဒေသအတွင်းရှိ တိုင်းရင်းသားလူမျိုးများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်သော ကွန်ယက် တစ်ခုဖြစ်ပေါ်စေရန်၊ မဲခေါင်ဒေသအတွင်းရှိနိုင်ငံများအကြား အပြန်အလှန်နားလည်မှု တိုးတက် လာစေရန်ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၀) အထောက် အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့အထိ  တိုင်းရင်းသားရေးရာ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်(ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည်ခရီးစဉ်အစီအစဉ်အရ ၂၁-၁-၂၀၂၃ရက်နေ့တွင် ဘန်ကောက်မြို့မှ ချင်းမိုင်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်သွားရောက်ခဲ့ပါသည်။

 ချင်းမိုင်မြို့သို့ရောက်ရှိလာသည့်ပြည်ထောင်စုဝန်ကြီးဦးစောထွန်းအောင်မြင့်အား ချင်းမိုင် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wiraphong Rhitrot နှင့်အဖွဲ့က ဒေသ စံတော်ချိန် နံနက် ၁၀ နာရီအချိန်၌ ချင်းမိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်တွင် လာရောက် ဂါရဝ ပြုတွေ့ဆုံပါသည်။ 

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်အစိုးအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့  တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာတင်လူသာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးအောင်ကျော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စ ရပ်များ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနာဂတ်တွင် အတူတကွပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးကိစ္စရပ်များနှင့် သက်မွေးဝမ်းကျောင်းနည်းပညာဖလှယ်ရေးကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကပါသည်။ 

ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင် အမျိုးသားပြတိုက်နှင့် Lanna Traditional House Museum တို့သို့ သွားရောက်လေ့လာခဲ့ကြောင်းသတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image