တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ရာ ပြည်ထောင်စုနိုင်ငံတော်ကြီး ဖြစ်သည်နှင့်အညီ မတူ ကွဲပြားသည့် ပထဝီအနေအထား၊ ဓလေ့ထုံးစံနှင့် ယုံကြည်ကိုးကွယ်မှုအယူဝါဒများအရ တိုင်းရင်းသားအသီး၊ ေဒသ အသီးသီး၌ ကျင်းပလျက်ရှိကြသည့် အခါရာသီအလိုက် ပွဲတော်များနှင့် အထိမ်းအမှတ်နေ့များမှာလည်း စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းများ၊ ချစ်ခင်နှစ်လိုဖွယ်ရာအတိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း သမိုင်းအစဉ်အဆက် မှီတင်းနေထိုင်လျက် ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား တစ်နေရာတည်းတွင် တစ်စု
ဆက်လက်ဖတ်ရှု့ရန်ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် ၁၀ မြောက်ရပ်ကွက်၊ ရန်ကုန်-သံလျင် တံတားအနီးရှိ မြေဧက ၁၁၁ ဧကပေါ်တွင် ၁၉၉၄ ခုနှစ်၊ ဧပြီလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းအား စည်ပင်သာယာရေးဦးစီး ဌာနနှင့် Mahar International Co,Ltd တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ၂၅-၅-၁၉၉၅ ရက်နေ့တွင် စတင်ပန္နက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် Mahar International Co,Ltd မှ ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိတော့၍
ဆက်လက်ဖတ်ရှု့ရန်ကချင်၊ ကယား၊ ကရင်၊ ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တို့၏ တိုင်းရင်းသားရိုးရာ နေအိမ် ပြခန်းများ ဆလုံတိုင်းရင်းသားလူမျိုးပြခန်း၊ ဒေသအလိုက် ထင်ရှားသည့် စေတီပုထိုးနှင့်အထင်ကရ အဆောက်အအုံများ ပြကွက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်/တိုင်း ၆ ခု တို့၏ ရိုးရာဓလေ့နှင့် ဝတ်စားဆင်ယင်ပုံ ပြကွက်များ၊ ဒီရေတောပြကွက်နှင့် တိရိစ္ဆာန်ပြကွက်များ၊
ယွန်းပန်းချီ၊ ရိုးရာပန်းချီ၊ ဖန်စီပစ္စည်း အရောင်းဆိုင် – ရွှေအင်းလေး၊ ရှမ်းရိုးရာ၊ တိုင်းရင်းသူ၊ ပင်လုံ အစရှိသည့် ရိုးရာစားသောက်ဆိုင်များ
နေ့ရက် – အပတ်စဉ် တနင်္ဂနွေနေ့ နေ့လယ် (၁)နာရီ နေရာ – ပြည်ထောင်စုခန်းမ
စဉ် | အမည် | နှုန်း | မှတ်ချက် |
---|---|---|---|
There is no price |
– ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ်(၁၀) မြောက်ရပ်ကွက်၊ ရန်ကုန်- သန်လျင်တံတားအနီး ပဲခူးမြစ်ကမ်း – မြောက်ဘက်တွင် လယ်ယာရွာ၊ အရှေ့ဘက်တွင် ရတနာလမ်းနှင့် ရတနာအိမ်ယာ၊ တောင်ဘက်တွင် ပဲခူးမြစ်နှင့် အနောက်ဘက်တွင် ရန်ကုန်-သန်လျင် မီးရထားလမ်း
– ၁၁၇ ဧက
ပင်လယ်ရေမျက်နှာပြင်အထက် ၁၇ပေ ရှိသည့် မြေပြန့်ဖြစ်ပြီးသာမန်ဒီရေတက်ချိန်တွင် တာလမ်း မျက်နှာပြင်အောက် ၁.၅ ပေခန့်ထိ ရေရောက်ရှိပြီး ထူးကဲဒီရေတက်ပါက တာလမ်းနှင့် တပြေးညီ ရေရောက်ရှိပါသည်။
ကမ်းရိုးတန်း ရာသီဥတုရှိသော ကုန်းတွင်းမြို့ဖြစ်၍ ပူနွေးစိုစွတ်ပါသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၁၀၆.၃ လက်မခန့်၊ ပျမ်းမျှအပူချိန် ၂၇.၄ ဒီဂရီစင်တီဂရိတ်ခန့် ရှိပါသည်။
ပဲခူးမြစ်ကမ်းတွင် တည်ရှိပြီး မြေအမျိုးအစားမှာ ရွှံ့စေးမြေ (Clay Soil) အမျိုးအစားဖြစ်ပါသည်။ ဧရိယာ၏ ၄၀ % ခန့်မှာ ယခင်လယ်မြေဖြစ်သည့်အပြင် ဒီရေဝင် ရောက်မှုရှိသောကြောင့် သဘာဝပေါက်ပင်နည်းပါးသည်။ လမုတောနှင့် ဓနိပင်များ ပေါက်ရောက်ပါသည်။
ရန်ကုန်မြို့တွင်း – YBS No.4(အနီ),5,10,89 ကျေးရွာအတွင်း လှည့်လည်လေ့လာနိုင်မည့် သယ်ယူပို့ဆောင်ရေးစနစ်များ ဘာဂီစီးလုံးငှားရမ်းခ (မိနစ် ၃၀) – ၅၀၀၀ ကျပ် (အချိန်ပို ၁နာရီလျှင်) – ၁၀၀၀၀ ကျပ် ရထားလုံးစီးလုံးငှားရမ်းခ (မိနစ် ၃၀) – ၅၀၀၀ ကျပ် (အချိန်ပို ၁နာရီလျှင်) – ၁၀၀၀၀ ကျပ် စက်ဘီးငှားရမ်းခ (တစ်နာရီ) – ၅၀၀ ကျပ် မြင်းလှည်းစင်းလုံးငှားရမ်းခ (မိနစ် ၃၀) – ၅၀၀၀ ကျပ် (အချိန်ပို ၁နာရီလျှင်) – ၁၀၀၀၀ ကျပ်