ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

ထိန်းသိမ်းခြင်း

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်

၁။      စာအုပ်စာတမ်းနှင့် မှတ်တမ်းများ ထိန်းသိမ်းခြင်း

          (က)    ဌာနတွင်းစာကြည့်တိုက် တည်ထောင်၍ တိုင်းရင်းသားမျိုးနွယ်စုများနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု သမိုင်းအမွေအနှစ် ဓလေ့ ထုံးစံများနှင့် စပ်လျဉ်း၍ ရေးသားဖော်ပြထားသည့် သုတ၊ ရသနှင့် သမိုင်းကြောင်း ဆိုင်ရာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု အစရှိသည့် စာအုပ်စာတမ်းများ၊ ဓာတ်ပုံ များ၊ Video မှတ်တမ်းများ၊ တေးသီချင်းများ၊ သတင်းမှတ်တမ်းများ၊ စသည်တို့ကို စုစည်းထားရှိခြင်း၊

          (ခ)      မြန်မာဘာသာစကား ၃၀ ခွန်းအား တိုင်းရင်းသားဘာသာစကား ၈ မျိုးဖြင့် ပြောဆို နိုင်ရန် စာမျက်နှာ ၃၀ ပါစကားပြောစာအုပ် ပြုစုခြင်း၊

          (ဂ)     ရခိုင်ပြည်နယ်ရှိ မရမာကြီးလူမျိုးဆိုင်ရာ အချက်အလက်များ စုဆောင်း သုံးသပ် တင်ပြခြင်း၊

 ၂။      တိုင်းရင်းသားစာပေနှင့် ဘာသာစကားများ ထိန်းသိမ်းခြင်း

 

                   တိုင်းရင်းသားစာပေနှင့် ဘာသာစကားစာအုပ်များ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေဘဲ တိုင်းရင်းသားစာပေကို လွတ်လပ်စွာ သင်ကြားခွင့်ရရှိစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း ပူးပေါင်းကျင်းပသည့် တိုင်းရင်းသားစာပေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ၂၃-၃-၂၀၁၇ နေ့မှ ၂၄-၃-၂၀၁၇ နေ့အထိ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပနိုင် ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပညာရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။