ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်တာဝန်

မူဝါဒ (Policy)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံမူများ၊ နိုင်ငံ တော်က ချမှတ်ထားသည့် မူဝါဒများ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေပါ ရည်ရွယ်ချက် များနှင့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များသို့ တက်လှမ်းရောက်ရှိနိုင်ရန်ရှေ့ရှုလျက် အောက်ပါအတိုင်းရေးဆွဲ ချမှတ်ထား ရှိပါသည်-
(၁) တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသောနိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ရရှိရေး၊
(၂) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ ထာဝစဉ် အတူတကွလက်တွဲ နေထိုင်ရေး၊
(၃) တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေး၊
(၄) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး။

ရည်မှန်းချက် (Mission)

ဝန်ကြီးဌာနသည် မူဝါဒများအပြင် နိုင်ငံတော်၏နှစ်အလိုက် ဦးစားပေးကဏ္ဍများ၊ ဦးစားပေး ဒေသများ၊ ဦးစားပေးအကြောင်းအရာများနှင့်ကိုက်ညီသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီ ရေး စသည့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးတက်ရှင်သန်စေရေး ဆောင်ရွက်ရန်၊
(၂) တိုင်းရင်းသားများ၏အခွင့်အရေးကို ဥပဒေပါ သတ်မှတ်ချက်များအတိုင်း အပြည့်အဝခံစား ရရှိစေရေး ဆောင်ရွက်ရန်၊
(၃) တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှု အမွေအနှစ်နှင့် ရိုးရာဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊
(၄) တိုင်းရင်းသားလူမျိုးများ၏ မူလဝိသေသလက္ခဏာများ မပျောက်ပျက်စေရေးအတွက် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးဆောင်ရွက်ရန်၊
(၅) တိုင်းရင်းသားလူမျိုးများ၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေးစသည့် လူမှုစီးပွားဘဝများ တိုးတက် မြင့်မားစေရေး ဆောင်ရွက်ရန်။

မျှော်မှန်းချက် (Vision)

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုဘဝမြင့်မားတိုးတက်စေရန်။

လုပ်ငန်းတာဝန်များ

(၁) တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ရည်ရွယ် ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ် ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် ဥပဒေပါ တိုင်းရင်သားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ခြင်း၊
(၃) တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ယဉ်ကျေးမှုနှင့်ရိုးရာဓလေ့ထုံးတမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ခြင်း၊ သမိုင်းနှင့် ရှေးဟောင်း အမွေအနှစ်တို့ကို စူးစမ်း ရှာဖွေဖော်ထုတ်ရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် ဆောင်ရွက်ခြင်း၊
(၄) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်ဆောင်ရွက်ခြင်း၊
(၅) ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသော တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝ မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်း ဆက်သွယ်ရေး စသည့်လုပ်ငန်းရပ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊
(၆) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်း များကို လွတ်လပ်စွာ ဆောင်ရွက်ခြင်း၊
(၇) တိုင်းရင်းသားများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးခြင်း၊
(၈) တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဖြေရှင်းခြင်း၊
(၉) တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၁၀) လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လုနီးပါးဖြစ်နေသော တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်း၊
(၁၁) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(၁၂) ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ပေးအပ်သော တိုင်းရင်းသား လူမျိုးရေးရာလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း၊