ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 NOV

တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်း အစီအစဉ်ကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်ဆောင်ရွက်

  • ကရင်ပြည်နယ်
  • 26 November 2025

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးခြင်းအစီအစဉ်ကို (၂၆-၁၁-၂၀၂၅) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (လှိုင်းဘွဲ)၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်   ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ကျောင်းသား/သူများအတွက် တိုင်းရင်းသားဘာသာသင် ပုံပြ/ ပုံပြင်စာအုပ် များ၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုး၊  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်း၊  ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်၊   အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိနန္ဒာမွန်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါ သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူများအား ဗဟုသုတဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်သူကျောင်းသား/သားသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင် ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသ၏ ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်မေးခွန်းစစ်တမ်း ကောက်ယူခဲ့ကြရာ တက်ရောက်လာ ကြသော ဒေသခံများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်းသိရှိရပါသည်။