ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

02 DEC

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ပဲခူးတိုင်းဒေသကြီး“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်
  • 02 December 2025

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍  “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂-၁၂-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့၊ ထားဝယ်အင်းကျေးရွာ၊ ကရင်နှစ်ခြင်း အသင်းတော်ဗိမ္ဗာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်း၊ ပဲခူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီလှိုင်၊  ပဲခူးတိုင်း ဒေသကြီး  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူကျော်၊ ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေး တို့က သက်ဆိုင်ရာကဏ္ဍအလိုက်အသီးသီး အသိပညာပေး ဆွေးနွေး ဟောပြောခဲ့ကြပါသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်း အောင်က အသိပညာပေး ဆွေးနွေးဟောပြောသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်  ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ကြရာ ဒေသခံတိုင်းရင်းသား (၈၀)ဦး တို့က စစ်တမ်းမေးခွန်းလွှာများအား ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။