တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ကိုရီးယားသမ္မတနိုင်ငံ Gyeongbuk College ဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ နေပြည်တော် နိုဝင်ဘာ ၂၃
- 25 November 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် အား ကိုရီးယားသမ္မတနိုင်ငံ၊ Gyeongbuk College ဥက္ကဋ္ဌ Mr. Lee Un Gik နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်း၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးသည် Gyeongbuk College မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထိုသို့လက်ခံတွေ့ဆုံရာတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။