အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ကရင်ပြည်နယ်တွင် ကျင်းပပြုလုပ်
- ကရင်ပြည်နယ်
- 08 December 2025
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကဦးစီး၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံစားသောက်ကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို လှိုင်းဘွဲ့မြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ စုပေါင်းဓမ္မာရုံ၌ ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၉း၀၀နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျေးရွာနေ တိုင်းရင်းသားပြည်သူများ လူနေမှုမြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းထောက်ပံ့ပစ္စည်းများအား ပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းကို (၈-၁၂-၂၀၂၅) ရက်နေ့မှ (၁၄-၁၂-၂၀၂၅) ရက်နေ့အထိ (၇)ရက်ကြာမျှ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သစ်သီးယိုစုံများ၊ ဖျော်ရည်အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယိုနှင့် ဂျယ်လီအမျိုးမျိုးပြုလုပ်မှု နည်းပညာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။