နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံရှိ ဝန်ထမ်းများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှု အသင်းများနှင့်တွေ့ဆုံခြင်း
- ရှမ်းပြည်နယ်
- 09 February 2026
၈-၂-၂၀၂၆ ရက်နေ့ နံနက်ပိုင်း ၀၉၀၀ နာရီအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်းများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်သည်တိုင်းရင်းသားလူမျိုးအများဆုံးနေ့ထိုင်သည့် ပြည်နယ်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားအားလုံးသည် တစ်နိုင်ငံလုံးတွင် ရောယှက်နေထိုင်ကြပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်း မြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ် တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်ကပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်နှင့်အညီ ပါတီစုံဒီမီကရေစီ စနစ်အကောင်အထည်ဖော်နိုင်ရန်အတွက် တစ်ထောင့် တစ်နေရာ ပါဝင်ကူညီကြစေလိုကြောင်း၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေး အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစကားသင်ကြားမှုကို ပညာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါရှိသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကိုအပြည့်အဝ ရရှိစေလိုကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်နိုင်ရေးနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့်လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာတင်ပြဆောင်ရွက်စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောရာတွင် မိမိတို့ဝန်ထမ်များအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းကြရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံတော်၏အဓိကထောက်တိုင်များဖြစ်ကြောင်း နိုင်ငံဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်နှင့်အညီ ပြုမူနေထိုင်ကြ စေလိုကြောင်း၊ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာစေလိုကြောင်း၊ အရက်သေစာအလွန်အကျွန်သောက်စားခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းများကို အထူးသတိပြုရှောင်ရှားစေလိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကိုမထိခိုက်စေပဲ စစ်မှန်သောများချစ်စိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကိုအခြေခံလျက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်နှင့်အညီ နိုင်ငံသူနိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင်းတနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်စေမည့် ပါတီစုံဒီမိုကရေစီကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားစားပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက ရှမ်း၊ ကချင်၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကိုးကန့်၊ လီဆူ၊ ထနော့၊ အင်းသား၊ ယင်းကြားနှင့် ယင်းနက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှူအသင်းဖွဲ့များအား ချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။