ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

04 FEB

“တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ဧရာဝတီတိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခြင်း

  • ဧရာဝတီတိုင်းဒေသကြီး
  • 04 February 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၃-၂-၂၀၂၆) ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  

အခမ်းအနားတွင်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်း၊ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းတို့က အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ကြပါသည်။

ထို့နောက်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်၍ စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၈)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများဖြေဆိုခဲ့ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေစာအုပ် များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။