ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

29 JAN

အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ သရက်ကုန်း(ကရင်)ကျေးရွာ၊ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေး အသိပညာပေးဟောပြောပွဲ ပဲခူး ၊ ဇန်နဝါရီ ၁၉

  • ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့
  • 29 January 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ  ကြီးမှူး၍ ပဲခူးမြို့နယ်ရှိ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေးအသိပညာပေးဟောပြောပွဲကို၁၉.၁.၂၀၂၄ရက်နေ့ကပဲခူးမြို့နယ်၊အခြေခံပညာအလယ်တန်းကျောင်းခွဲ၊သရက်ကုန်း (ကရင်)ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဗလငါးတန်ဖွံ့ဖြိုးရန်အကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး၊ ကလေးများ၏ဖွံ့ဖြိုးမှု၊ လူငယ်နှင့် အားကစားအကြောင်း၊ အစားအသောက်ဘေးကင်း လုံခြုံ စိတ်ချစေရေးနှင့် ကျန်းမာကြံ့ခိုင်ကာယဗလမဏ္ဍိုင်ဆက်နွယ်မှု စသည့် ခေါင်းစဉ်များဖြင့် အသိ ပညာ ဗဟုသုတများရရှိစေရန်  ကျောင်းသားလူငယ်များအား ဟောပြောခဲ့ကြပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ဟောပြောပို့ချသူများအားအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီး တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းမှ ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များနှင့် ငွေကျပ်(၁၀၀,၀၀ဝိ/-) လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။