ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၊ ရာမညကွင်း၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကရင်၊ ဖေဖော်ဝါရီ-၂၅
- ကရင်ပြည်နယ်
- 05 March 2024
(၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအတွင်းကျေးရွာ၊ ရာမညကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အိန္ဒုမွန်ကျောင်းဆရာတော်နှင့် သံဃာတော်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး(ကရင်ပြည်နယ်)မှ တာဝန်ခံအရာရှိနှင့် အရာထမ်းများ၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း(ကရင်ပြည်နယ်)မှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကရင်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသားများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၏ ၂၀၂၄ခုနှစ်တွင် ကျရောက်သည့် (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ပေးပို့လာသော သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားခဲ့ပြီး (၇၇) ကြိမ်မြောက် မွန် အမျိုးသားနေ့ အခမ်းအနားအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ချီးမြှင့်ငွေ ကျပ်သိန်း(၁၅၀)တိတိအား အိန္ဒုမွန်ကျောင်းဆရာတော်ထံသို့ ဆက်ကပ်ခဲ့ပါသည်။ ထို့နောက် မွန်တိုင်းရင်းသူလေးများမှ မွန်ရိုးရာဟင်္သာယိမ်း အကဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။