လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်း”ဆင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်
- ပဲခူး
- 15 August 2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုတို့ဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သည့် “လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဆင်းပွဲအခမ်းအနားကို (၁၅-၈-၂၀၂၅) ရက်နေ့ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ပဲခူး)မှ ကျောင်းအုပ်ကြီး ဦးအောင်နိုင်စိုးက သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။
အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို (၁၁-၈-၂၀၂၅) ရက်နေ့မှ (၁၅-၈-၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား တိုင်းရင်းသား/တိုင်းရင်းသူ (၂၀)ဦး တက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာက အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာ ရည်၊ ခေါင်းလျှော်ရည်၊ သဘာဝသစ်သီးများဖြင့်ပြုလုပ်သော ဆပ်ပြာခဲ ပြုလုပ်နည်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။