ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

07 AUG

တိုင်းရင်းသားရေးရာနှင့် ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ” အခမ်းအနားကို မကွေးတိုင်းဒေသကြီးတွင် ကျင်းပ

  • မကွေး
  • 07 August 2025

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အခြေခံ ပညာဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “တိုင်းရင်းသားရေးရာ နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကို (၇-၈-၂၀၂၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အ.ထ.က(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခွန်အားဖြစ်စေမည့် အားပေးစကားများနှင့် လူငယ်များ အသိဉာဏ်ပညာတိုးတက်စေရန်၊ ရေးသားမှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးချစေရေး အသိပညာပေး ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်‌ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးမှ ဒေါ်သဲစုမွန်နှင့် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်ခိုင်စိုး တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ဦးထွန်းခင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များနှင့် အ.ထ.က(၂) မင်းဘူးမြို့မှ ကျောင်းသား/သူများစုစုပေါင်း (၁၈၆) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။