ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

07 AUG

တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းရက်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနား

  • ရန်ကုန်
  • 07 August 2025

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး ကျင်းပသော “တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းတောင်းရက် လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၈-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီတွင် တိုက်ကြီးမြို့နယ်၊ ကျားချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဒေါ်ကြည်ကြည်ခင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ နန်းကြည်ကြည်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှ မှော်ဘီမြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းမောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထိုက်နှင့် သမဝါယမဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ဦးစီးမှူး ဦးအုန်းထွန်း တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများ အပါအဝင် စုစုပေါင်း (၈၃) ဦး တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းမေးခွန်းလွှာ (၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။