ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

26 JUL

ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအား သွားရောက်ကြည့်ရှုစစ်ဆေး၊ တိုင်းဒေသကြီးအဆင့် ဝါခေါင်လ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့တက်ရောက်၊

  • ဧရာဝတီတိုင်းဒေသကြီး
  • 26 July 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ ရုံးလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ရုံးလုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။

 ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပါသည်။ ၎င်းနောက် တာဝန်ခံ ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပါသည်။

  ဇူလိုင်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ ကျင်းပ ပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။