ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

19 AUG

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများအား တွေ့ဆုံခြင်းနှင့်ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပခြင်း ထားဝယ်၊ ဩဂုတ် (၁၉) ရက်

  • တနင်္သာရီ
  • 19 August 2025

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့်အတူ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောမာ တင်လူသာနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၁၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီများနှင့် တွေ့ဆုံခဲ့ပါသည်။

ပထမဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကြုံတွေ့နေရသော ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားပြည်သူများကို ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသားစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာပွဲတော်အခမ်းအနားများကို စဉ်ဆက်မပြတ်စည်ကား သိုက်မြိုက်စွာကျင်းပ ဆောင်ရွက်မှုအခြေအနေများနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီများမှ ဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်များနှင့် တိုင်းရင်းသားဘာသာသင် TA/ LT ဆရာ၊ ဆရာမများအား ကြည့်ရှုထောက်ပံ့ပေးနိုင်ရေးတို့ကို အသီးသီးတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က လမ်းညွှန်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် တစ်မြေတည်းနေတစ်ရေတည်းသောက် တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမ များအားလုံးသည် အငြင်းပွားမှုများမဖြစ်စေရန် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် သွင်းကုန်များလျော့ချနိုင်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအား ခေတ်မီနည်းစနစ်များဖြင့် ပို့ကုန်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတော်အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော် အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပညာရေးကိစ္စရပ်များ၊ စာပေနှင့်ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားမိသားစုများအားလုံး အငြင်းပွားမှု လျော့နည်းစေရန် စီးပွားရေးဖြင့် စုစည်းရန်လိုကြောင်း၊ ဆင်းရဲမှုပပျောက်စေရန်အတွက် လူသားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ လူမှုအသိပညာများတိုးတက်စေရေး အတွက် တိုင်းရင်းသားများစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း လမ်းညွှန် အမှာစကားပြောကြားပါသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသား/သူများက ထားဝယ်ရိုးရာရေအိုးရွက်အကနှင့် ရိုးရာယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက်ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရိုးရာယဉ်ကျေးမှု အကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။