နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းရင်းသားရေးရာ စင်တာအား ကြည့်ရှုစစ်ဆေး
- တနင်္သာရီ
- 17 August 2025
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဆန်းချီရပ်တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး Ethnic Center အား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ Successful TMA Construction Co;Ltd တာဝန်ခံအင်ဂျင်နီယာ ဦးဝဏ္ဏကိုကိုက Ethnic Center တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လိုအပ်လျက်ရှိသည့် Ethnic Center အား တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ Ethnic Center ၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အထိမ်း အမှတ်အခမ်းအနားများ၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်းများ၊ အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က Ethnic Center တည်ဆောက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များကို မှာကြားပြီး Ethnic Center အတွင်း တည်ဆာက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
၂ဝ၂၅-၂ဝ၂၆ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ထားဝယ်မြို့ ၊ ဆန်းချီရပ်ရှိ တနင်္သာရီတိုင်း ဒေသကြီး Ethnic Center အဆောက်အဦ(၂)ထပ် RC(၅၀ပေx ၆၀ပေ)နှင့် အခြားဆက်စပ်လုပ်ငန်းများ (Roof Slab နှင့် Extension Roof အပါအဝင်) တည်ဆောက်ခြင်း လုပ်ငန်းများကို Successful TMA Construction Co;Ltd က တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။