ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

13 JUN

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅) ကျင်းပ နေပြည်တော် ဇွန် ၁၃

  • နေပြည်တော်
  • 13 June 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ချင်းပြည်နယ်၊ တိုင်းရင်းသား‌ရေးရာဝန်ကြီးမှ Online စနစ်ဖြင့်  တက်ရောက်ပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ယနေ့အစည်းအဝေးသည် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှုအသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ တိုင်းရင်းသားစာပေသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်များတွင် လွဲမှားမှုများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများဆိုင်ရာကိစ္စရပ်များစသည့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများအားလုံးအနေဖြင့် တိုင်းရင်းသားများအတွက် ရှေးရှု၍ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများက မိမိတို့ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပါသည်။ ၎င်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအ‌ဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။