အဆင့်မြင့်ခြင်းရက်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ရန်ကုန်၊ စက်တင်ဘာ ၂၂
- ရန်ကုန်
- 24 September 2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ အဆင့်မြင့် ခြင်းရက်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၂-၉-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးသန္တာက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်း ကိစ္စရပ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စိုင်းကျော်ထူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
ထို့နောက် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆင့်မြင့်ခြင်းရက်လုပ်ခြင်းသင်တန်းကို (၂၂-၉-၂၀၂၅) ရက်နေ့မှ (၂၆-၉-၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။