ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

12 JUN

“ကရင်ရိုးရာစာပေသင်တန်း” နှင့် “အခြေခံစက်ချုပ်သင်တန်း” များကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်
  • 12 June 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့က ကြီးမှူး၍ “ကရင်ရိုးရာစာပေသင်တန်း” နှင့် “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၆-၆-၂၀၂၆) ရက်နေ့တွင် တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ်တန်း ကျေးရွာ၊ ပန်းဥယျာဉ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းတို့မှ အမှာစကားပြောကြားခဲ့ပါသည်။  ထို့နောက် တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးဟိုက်စင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။   

“ကရင်ရိုးရာစာပေသင်တန်း” နှင့် “အခြေခံစက်ချုပ်သင်တန်း” တို့ကို (၆-၆-၂၀၂၆) ရက် နေ့မှ (၆-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသူစုစုပေါင်း (၂၀) ဦးစီဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။