“တိုင်းရင်းသားရေးရာ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအစီအစဉ်”
- ကရင်ပြည်နယ်
- 09 July 2026
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ် ရေးရာအသိပညာပေးခြင်းအစီအစဉ်”ကို (၉-၇-၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ ကော့တာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဘားအံခရိုင်ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေအေး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်တို့က အသီးသီးအသိပညာပေး ဆွေးနွေးပြောကြားပြီး အခမ်းအနား တက်ရောက်ကြ သည့် ကျောင်းသား/ သူများနှင့် ဒေသခံတိုင်းရင်းသားများအား ဗဟုသုတဉာဏ်စမ်း မေးခွန်းများ မေးမြန်းကာ လက်ဆောင်များပေးအပ်ခဲ့ပြီး ဒေသ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် မေးခွန်းစစ်တမ်းများကို တက်ရောက်လာသူ (၁၂၅) ဦးအနက်မှ (၉၀) ဦးအား ကောက်ယူခဲ့ကြောင်း သိရသည်။