ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

08 JUL

“တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်” နှင့် “အခြေခံခြင်းရက်ခြင်းသင်တန်း” ကို ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ရန်ကုန်မြို့
  • 08 July 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဦးစီး၍  တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ် နှင့် “အခြေခံခြင်းရက်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို     (၈-၇-၂၀၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မှော်ဘီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးခင်မောင်သန်း၊ ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထိုက်၊  သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခင်ခင်ချို၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးတို့က အသီးသီးအသိပညာပေးဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများက ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာ လိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံ တိုင်းရင်းသား(၆၀)ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ ကြကြောင်း သိရှိရပါသည်။

 အခြေခံခြင်းရက်သင်တန်းကို (၈-၇-၂၀၂၆) ရက်နေ့မှ (၁၂-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၂၀)ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။