“အခြေခံစက်ချုပ်သင်တန်း” သင်တန်းဆင်းပွဲ အခမ်းအနား ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်
- ရခိုင်ပြည်နယ်
- 17 July 2026
တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၇-၂၀၂၆)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက အမှာစကားပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း၊ သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုထောက်ပံ့ငွေနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း သင်တန်းကို (၁၀-၆-၂၀၂၆)ရက်နေ့မှ (၁၄-၇-၂၀၂၆)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ရခိုင်(၂၄)ဦး၊ ချင်း(၃)ဦးနှင့် မရမာကြီး(၃)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရှိရပါသည်။