ပြည်သူ့လွှတ်တော် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး
- နေပြည်တော်
- 17 July 2026
ပြည်သူ့လွှတ်တော် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့၏ တွေ့ဆုံဆွေးနွေးပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆)ကို ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ရေးရာကော်မတီဆောင် (I-6)၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးတင့်နိုင်၊ ကော်မတီအတွင်းရေးမှူး ဦးရဲထွဋ်အောင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ထို့ပြင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းသူရအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမြတ်အောင်၊ လက်ထောက်အတွင်းဝန်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များလည်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မတီဝင်များနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုနှင့် အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ကော်မတီဝင်များက တင်ပြချက်များအပေါ် သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာန တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၆)ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။