“တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်
- မွန်ပြည်နယ်
- 05 May 2026
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို (၅-၅-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင် ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး မိမြတ်ခတ္တာသင်း၊ သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုး၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့ငြိမ်းနှင့် သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်ဖွေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။