ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

04 MAR

အခြေခံကွန်ပျူတာ သင်တန်း (၁/၂၀၂၆)၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်း(၁/၂၀၂၆)နှင့် မုန့်အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်း(၁/၂၀၂၆) သင်တန်းများ ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

  • ရှမ်းပြည်နယ်
  • 04 March 2026

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာတွင် အခြေခံကွန်ပျူတာသင်တန်း (၁/၂၀၂၆)၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း (၁/၂၀၂၆) နှင့် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၆) သင်တန်းများဆင်းပွဲ အခမ်းအနားကို (၄-၃-၂၀၂၆) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအရာရှိများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြပြီး ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ အမှာစကားပြော ကြားခဲ့ပါသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် က အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၆)မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်နှင့် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူများအား ဆုချီးမြှင့်ခြင်းကိုလည်းကောင်း၊  ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ဆိုင်ကယ်စက်ပြင်သင်တန်း (၁/၂၀၂၆)နှင့် မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၆)မှ သင်တန်းသား၊ သင်တန်းသူများ သင်တန်းဆင်းလက်မှတ်နှင့်ထောက်ပံ့ ပစ္စည်းများကိုလည်းကောင်း ပေးအပ် ခဲ့ပြီး၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦး က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းများတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ယင်းကြား၊ ပလောင်၊ လားဟူ၊ ချင်း၊ ကချင်၊ ကရင်၊ ဂေဘား၊ ကယား၊ လီဆူ၊ ဗမာ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ   သင်တန်း(၁)ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါသည်။