ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

04 JUN

တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ဧရာဝတီတိုင်းဒေသကြီး
  • 04 June 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစီအစဉ်ဖြင့် “တိုင်းရင်းသားရေးရာအသိပညာ ပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၄-၆-၂၀၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကံချိုင်ကျေးရွာ၊ သုခိတာရာမကျောင်း တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းစံ၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အထက-ကံချိုင်၊ အမက-ဘန့်ဘွေးနှင့် အမက-မော်တင် ကျောင်းများသို့ ကျောင်းသုံးဗလာ စာအုပ်များနှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနက တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြပါသည်။

            ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းများကိုကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၆၂)ဦးတို့မှ  ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။