ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 MAY

"အခြေခံစက်ချုပ်သင်တန်း”ကို ပဲခူးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်

  • ပဲခူးတိုင်းဒေသကြီး
  • 11 May 2026

         နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် "အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ လူငယ်စင်တာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌လူမျိုးရေးရာ ဝန်ကြီး ဦး‌စောလင်းအောင်က အခြေခံစက်ချုပ်သင်တန်းတက်ရောက်မည့် သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။  ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အခမ်း အနားသို့ တက်ရောက်လာကြသူများက “အခြေခံစက်ချုပ်သင်တန်း” အတွက် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှု့ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

         အဆိုပါ “အခြေခံစက်ချုပ်သင်တန်း"ကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၃၀-၅-၂၀၂၆) ရက်နေ့အထိ (၂၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး လက်ပြတ်(ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ်(ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ(လက်ဖောင်း/ ရိုးရိုး)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာ စကပ်ချုပ်နည်း စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ပ်ြီး အင်းတကော် ဒေသအတွင်းရှိ ကရင်တိုင်းရင်းသား သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားလျက်ရှိ ကြောင်း သိရှိရပါသည်။