အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်းကို ကရင်ပြည်နယ်တွင် ဖွင့်လှစ်
- ကရင်ပြည်နယ်
- 11 May 2026
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်း အနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ဒိုင်းပြဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းနည်းပြအား ချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး သစ်သီးယိုစုံများ၊ ဖျော်ရည်အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယိုနှင့် ဂျယ်လီ အမျိုးမျိုး ပြုလုပ်မှုနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ဒိုင်းပြ ကျေးရွာမှ ဒေသခံတိုင်းရင်းသား (၁၀) နှင့် တိုင်းရင်းသူ(၂၀) ဦး စုစုပေါင်း (၃၀) ဦး တက်ရောက် လျက်ရှိ ကြောင်း သိရှိရပါသည်။