တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး
- ပဲခူးတိုင်းဒေသကြီး
- 22 August 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၂၂) ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုလွယ်ကူစွာဆောင်ရွက် နိုင်ရန်အတွက် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား စကား၊ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပပျောက်ရေးသည် သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးစုအသီးသီးတွင် ကိုယ်စီတာဝန်ရှိပါကြောင်း၊ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု များကို ရှိရင်းစွဲမူလလက်ရာကိုမထိခိုက်စေရန် အထူးသတိပြုဆောင်ရွက်ကြရန်နှင့် စည်းမျဉ်း များသတ်မှတ်ထားကြရန် မှာကြားလိုပါကြောင်း၊ လူနည်းစုတိုင်းရင်းသားများ၏ လူမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များ တိကျမှန်ကန်စွာ ပြုစုထိန်းသိမ်းထားကြရန် အရေးကြီးပါကြောင်း၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ခရိုင်ရုံးခွဲများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးများကို တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း နိုင်ငံတော်က “မူ”အားဖြင့် ခွင့်ပြုပြီးဖြစ်သဖြင့် ခရိုင်ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ တိုင်းရင်းသားလူငယ်များ၏အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်အတွက် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းစင်တာတည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များနှင့် ကိုက်ညီသည့် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဒေသတွင် ကြုံတွေ့ နေရသည့်အခက်အခဲများကို ပွင့်လင်းစွာတင်ပြဆွေးနွေးစေလိုပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြသည့်အချက်များကို သေချာစွာမှတ်သားပြီး ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကရင်၊ အရှို(ချင်း)၊ မွန်၊ ရှမ်းနှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၃ ဖွဲ့မှ ကိုယ်စားလှယ်များက တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကသင်တန်းများ ဖွင့်လှစ် ပေးနိုင်ရေး၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် တိုင်းရင်းသားစာယဉ်အဖွဲ့တို့၏ အခက်အခဲများကို ဖြေရှင်းပေးရေး၊ နိုင်ငံသားစိစစ်ရေးကတ်တွင် တိုင်းရင်းသားလူမျိုးအမည် မှားယွင်းဖေါ်ပြထားမှုများကို ပြင်ဆင်ခွင့်ရရှိရန်အတွက် ကူညီဆောင်ရေးပေးနိုင်ရေး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီရုံးများ ဆောက်လုပ်နိုင်ရန်အတွက် သင့်လျော် သည့်မြေနေရာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ နွေရာသီ တိုင်းရင်းသာဘာသာစာပေသင်ကြား ရာတွင် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာများတွင် လမ်း၊ တံတား များဖောက်လုပ်ပေးရေးနှင့် ပြင်ဆင်ပေးရေးစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေး တင်ပြကြပါသည်။
ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးဝင်းနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့်လုပ်ငန်းတာဝန်များကို တာဝန်ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ဦးစီးဌာနများမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို power point ဖြင့် ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။