၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ခံတော်မူကြသည့်ဆရာတော်များနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ဆက်ကပ်လောင်းလှူ နေပြည်တော်၊ မတ် ၅
- နေပြည်တော်
- 05 March 2023
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခံတော်မူကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်များနှင့်သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်၌ ၅-၃-၂၀၂၃ ရက် တပေါင်းလပြည့်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမိသားစု မဏ္ဍပ်၌ ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်၍ ဝန်ထမ်းများက နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူခဲ့ကြပါသည်။