ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

12 JUN

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားသင်ထောက်ကူ Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language Teacher(LT) ဆရာ၊ ဆရာမသင်တန်းများ မွမ်းမံသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် ရန်ကုန် မေ ၂၃

  • ရန်ကုန်
  • 12 June 2023

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၏ကြီးကြပ်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းတို့နှင့် ပူးပေါင်း၍ တိုင်းရင်းသားသင်ထောက်ကူ  Teaching Assistant (TA)နှင့် တိုင်းရင်းသားဘာသာသင် Language  Teacher (LT) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို မေလ (၂၃)ရက်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ယခုဖွင့်လှစ်သည့် မွမ်းမံသင်တန်းသည် KG နှင့် Grade -1 တိုင်းရင်းသား ဘာသာသင်ကြားသင်ယူမှုနည်းစနစ်များ ပိုမိုကောင်းမွန်လာစေရေး၊ နောင်နှစ်များတွင် TA/LT ဆရာ၊ ဆရာမများအနေဖြင့် Grade2-Grade3, Grade3-Grade4 မွမ်းမံသင်တန်းများကို ဆက်လက် တက်ရောက်၍ စဉ်ဆက်မပြတ်တိုးတက်အောင်ဆောင်ရွက်ရေး၊ သင်တန်းဖွင့်လှစ်မှုကြောင့် ထိရောက်သည့် အခြေအနေများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးပြီး ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။  

ဆက်လက်၍ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကရင်ရိုးရာဝါးညှပ်အက၊ ရှမ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်း(တိုက်ကြီး)မှ ရှမ်းရိုးရာအက၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အဆိုပါ မွမ်းမံသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။