ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

21 JUL

“ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တွင် ကျင်းပပြုလုပ် ရှမ်း၊ ဇူလိုင် ၁၅

  • ရှမ်းပြည်နယ်
  • 21 July 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “ရိုးရာဝတ်စုံနှင့် စက်ချုပ် အတတ်သင်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၅-၇-၂၀၂၃)ရက်နေ့တွင် ညောင်ရွှေမြို့၊ အင်းသားစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အခမ်းအနားတွင် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက သင်တန်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူများအား ကျွေးမွေးစရိတ်ထောက်ပံ့ပေးအပ်ခြင်း၊ သင်ထောက်ကူပစ္စည်းများပေးအပ်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

အဆိုပါ ရိုးရာဝတ်စုံနှင့် စက်ချုပ်အတတ်သင်တန်းကို (၁၅-၇-၂၀၂၃) ရက်နေ့မှ (၁၅-၈-၂၀၂၃) ရက်နေ့အထိ တစ်လကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၃) ဦးတက် ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။