ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

11 AUG

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစု သွားရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ ဩဂုတ်(၁၁)

  • နေပြည်တော်
  • 11 August 2023

ပြည်တောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းအမှုထမ်း စုစုပေါင်းအင်အား (၁၈၈)ဦးတို့သည် ယနေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်တွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးဦးဇော်အေးမောင်နှင့်ဝန်ထမ်းများက ရုပ်ပွားတော်မြတ်အား လက်ယာရစ်လှည့်ပတ်ဖူးမြော်ကြပြီး စုပေါင်း၍ ဘုရားရှိခိုးမေတ္တာပို့အမျှဝေခဲ့ကြပါသည်။ ထို့နောက် ကျောက်စာရုံစေတီသို့ သွားရောက်ပြီးကျောက်စာများကို ဖတ်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။