ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

04 FEB

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနား ကျင်းပ

  • နေပြည်တော်
  • 04 February 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကို  ယနေ့ မွန်းလွဲပိုင်း၌ ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အရာထမ်း၊ အမှုထမ်း များနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာနမှူး၊ ဥတ္တရခရိုင် မီးသတ် ဦးစီးမှူးနှင့်  မီးသတ်ဦးစီးမှူးရုံး အင်ဂျင်နီယာအဖွဲ့တို့ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး   ပြည်ထဲရေးဝန်ကြီး ဌာန၊ နေပြည်တော်တိုင်း မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြတ်သီဟနှင့် ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်တို့က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာများကို Power Point ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့နှင့်အတူ ဝန်ကြီးဌာနရှိ အရာထမ်း၊  အမှုထမ်းများ ကလည်း ကြည့်ရှုအားပေးခဲ့ကြပြီး လက်တွေ့ပါဝင် စမ်းသပ်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။