အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၅) ကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခြင်း
- ရခိုင်ပြည်နယ်
- 27 October 2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို (၂၇-၁၀-၂၀၂၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံစက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၉၆) သိန်းကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့ထံ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်က သင်ထောက်ကူပစ္စည်းများပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ (၂) ဦးက လက်ခံခဲ့ကြပြီးနောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို (၂၇-၁၀-၂၀၂၅) ရက်နေ့မှ (၂၅-၁၁-၂၀၂၅) ရက်နေ့အထိ (၁) လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရခိုင် (၂၇) ဦး၊ ချင်း(၂) ဦးနှင့် မရမာကြီးတိုင်းရင်းသူ (၁) ဦး စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရှိရပါသည်။