ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

18 OCT

လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်တွင် ကျင်းပပြုလုပ်

  • မွန်ပြည်နယ်
  • 18 October 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား”ကို (၁၈-၁၀-၂၀၂၅)ရက်နေ့တွင်  မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ပိန္နဲကုန်း (အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းကို (၁၈-၁၀-၂၀၂၅) ရက်နေ့မှ (၂၂-၁၀-၂၀၂၅) ရက်နေ့အထိ  (၅)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး     သင်တန်းသား / သင်တန်းသူ  စုစုပေါင်း (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။