ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

သတင်းများ

14 OCT

တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ရခိုင်ပြည်နယ်တွင် ကျင်းပပြုလုပ်

  • ရခိုင်
  • 14 October 2025

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးကဆောင်ရွက်သော “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၄-၁၀-၂၀၂၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရက  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေ၊  အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးစောကလိုထူး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးအထူးကုဆရာဝန်၊ ဒေါက်တာလှမူ၊  မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးကျော်လင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဦးမြင့်ဇော်၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလှထွန်းစိန်တို့က သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးအသိပညာပေးရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၂၀၀)ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။