တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ကြည်ရှု့စစ်ဆေး
- ရန်ကုန်တိုင်းဒေသကြီး
- 20 October 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယနေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက လာမည့် ဒီဇင်ဘာလ (၂၈.၁၂.၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒပေးပိုင်ခွင့်အခွင့်အရေးများ မဆုံးရှုံးစေရေးနှင့် မိမိနေထိုင်သည့်မြို့နယ်မှ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ရုံးခွဲများသို့ သွားရောက်ပြီး မိမိတို့၏ မဲစာရင်းကျန်ရှိမှု မရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကာ နိုင်ငံ့သားကောင်းများပီသစွာဖြင့် တစ်ဦးမကျန် သက်ဆိုင်ရာမဲရုံများသို့ သွားရောက်မဲပေးကြရန် လိုအပ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ယူကြီးကြပ်သူ ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေရရှိမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်းရှိ ရိုးရာအိမ်များနှင့် ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကာ ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဝင်ငွေပိုမိုတိုးတက်ရရှိရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ပါသည်။
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် မူလ ခန့်မှန်း လျာထားငွေအပေါ် (၁၉.၁၀.၂၀၂၅) ရက်နေ့ထိ ကောက်ခံရရှိငွေမှာ (၈၉.၂၅%) ရရှိခဲ့ပြီးဖြစ်ပါသဖြင့် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရှိရပါသည်။