၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြား ရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်း စင်တာ၌ (၁၅-၆-၂၀၂၆) ရက်နေ့တွင် တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်း (၁/၂၀၂၆)နှင့် မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၆) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းမှ သင်တန်းသူ များအတွက် သင်ထောက်ကူပစ္စည်းများကို ပြည်နယ်ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်နှင့် ပြည်နယ်အင်းသားတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်တင်တင်ရီ တို့ကလည်း ကောင်း၊ မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ကယန်း(ခ) ပဒေါင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်အေးချိုစိန်နှင့် ပြည်နယ်လီဆူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်ငွေလှိုင် တို့ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါသည်။ ထို့နောက် သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား/ သူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ အဆိုပါ တိုင်းရင်းသားရိုးရာစက်ချုပ်သင်တန်းနှင့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းတို့ကို (၁၅-၆-၂၀၂၆) မှ (၁၄-၇-၂၀၂၆) အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ယင်းကြား၊ လီဆူ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်း (၁) ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့က ကြီးမှူး၍ “ကရင်ရိုးရာစာပေသင်တန်း” နှင့် “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၆-၆-၂၀၂၆) ရက်နေ့တွင် တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ်တန်း ကျေးရွာ၊ ပန်းဥယျာဉ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းတို့မှ အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တွံတေးမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဦးဟိုက်စင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ “ကရင်ရိုးရာစာပေသင်တန်း” နှင့် “အခြေခံစက်ချုပ်သင်တန်း” တို့ကို (၆-၆-၂၀၂၆) ရက် နေ့မှ (၆-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသူစုစုပေါင်း (၂၀) ဦးစီဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသား ရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၂-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြား ရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သဲစုမွန်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနုထွေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဒေါ်မြတ်နိုးဝေ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားများအား ဥပဒေ/နည်းဥပဒေစာအုပ်များ၊ အမုန်းစကားလက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဘုရားပြိုကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းပြောကြားပြီး စစ်တမ်း ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးကဦးဆောင်၍ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ် စီမံခြင်းအစီအစဉ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာအသိပညာပေးခြင်းအစီအစဉ် ကို (၉-၆-၂၀၂၆) ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းမျိုးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး ၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟန်ဖြိုးအောင်၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်သူဇာ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဘားအံခရိုင်ဦးစီးဌာနမှူး ဦးကျော်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေအေး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးစောသော်တာလင်းသန့် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေးရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူများအား ဗဟုသုတ ဉာဏ်စမ်း မေးခွန်းများ မေးမြန်းကာဒေသ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် မေးခွန်းစစ်တမ်း များကို တက်ရောက်လာသူ (၁၅၀) ဦးအနက်မှ (၁၀၀) ဦးအား ကောက်ယူခဲ့ပြီး လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ကြီးကြပ်မှုအောက်ရှိ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ပျူတာသင်တန်း(၂/၂၀၂၆)နှင့် မုန့်ဖုတ်နည်းသင်တန်း (၄/၂၀၂၆) သင်တန်း ဆင်းပွဲအခမ်းအနားကို (၄-၆-၂၀၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီးနောက် ကွန်ပျူတာသင်တန်းမှ ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူက ကွန်ပျူတာသင်တန်းအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက မုန့်ဖုတ်နည်းသင်တန်းအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်က မုန့်ဖုတ်နည်းသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ပြည်နယ်ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးကိန်မိုင်က ကွန်ပျူတာသင်တန်းနည်းပြဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောဝ်ဟွမ်က မုန့်ဖုတ်နည်းသင်တန်း နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ ကွန်ပျူတာသင်တန်းနှင့် မုန့်ဖုတ်သင်တန်းတို့တွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ကယော၊ လားဟူ၊ ကယန်း၊ ကချင်၊ ကရင်နှင့် ပလောင် စသည့် တိုင်းရင်းသား မျိုးနွယ်စုများမှ သင်တန်း(၁)ခုလျှင် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးစီ တက်ရောက်ခဲ့ကြပါသည်။ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ သက်မွေးပညာသင်တန်းများကို ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအတွက် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ သင်တန်း(၃၆)ကြိမ်ဖြင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၂၀)ဦးအား သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးအစီအစဉ်ဖြင့် “တိုင်းရင်းသားရေးရာအသိပညာ ပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၄-၆-၂၀၂၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကံချိုင်ကျေးရွာ၊ သုခိတာရာမကျောင်း တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းစံ၊ တိုင်းရင်းသားအခွင့်အရေး များကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်း၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ငပုတောမြို့နယ်ဦးစီးမှူး ဒေါ်စိုးမြတ်သန္တာတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အထက-ကံချိုင်၊ အမက-ဘန့်ဘွေးနှင့် အမက-မော်တင် ကျောင်းများသို့ ကျောင်းသုံးဗလာ စာအုပ်များနှင့် အားကစားပစ္စည်းများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနက တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းများကိုကောက်ယူခဲ့ရာ ဒေသခံ တိုင်းရင်းသား(၆၂)ဦးတို့မှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ “တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်များကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၂၀-၅-၂၀၂၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးက အဖွင့် အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးတင်လှက အသိပညာပေး ဟောပြောခြင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီဝင်းရွှေ၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးစောကလိုထူး၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ကလေးအထူးကုဆရာဝန်၊ ဒေါက်တာလှမူ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်နှင့် အမှတ်(၅) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးထွန်းထွန်းလတ်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ရခိုင်၊ မရမာကြီး၊ ချင်း၊ ခမီ တိုင်းရင်းသား စုစုပေါင်း (၁၈၂)ဦး တို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၏ စီမံမှုဖြင့် “ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကသင်တန်း” နှင့် “အခြေခံခြင်းရက် သင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၉-၅-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ် အားကစားခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မှော်ဘီမြို့နယ် ကရင်ဒုံးအဖွဲ့မှ ကရင် ရိုးရာဒုံးအကများဖြင့်လည်းကောင်း၊ ကချင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ရိုးရာအက များဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကသင်တန်းကို (၁၉-၅-၂၀၂၆) မှ (၂-၆-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၈) ဦး၊ သင်တန်းသူ (၈) ဦး စုစုပေါင်း (၁၆)ဦးဖြင့်လည်းကောင်း၊ အခြေခံခြင်းရက်သင်တန်းကို (၁၉-၅-၂၀၂၆) ရက်နေ့မှ (၂၃-၅-၂၀၂၆) အထိ သင်တန်းသား (၅)ဦး၊ သင်တန်းသူ (၁၅)ဦး စုစုပေါင်း(၂၀)ဦး ဖြင့်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ ပြည်သူအတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ဦးဆောင်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် “လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၄-၅-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာအုပ်စု၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မန်းသိန်းကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီးနောက် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၄-၅-၂၀၂၆) ရက်နေ့မှ (၁၆-၅-၂၀၂၆)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ အမွှေးဆီနှင့် မျက်နှာသစ် ဆပ်ပြာခဲထုတ်လုပ်နည်းများ၊ စားသောက်ကုန်များဖြစ်သည့် ကြက်သားဒံပေါက်၊ မုန်လာဥနီရွှေကြည်၊ ခင်လေးပူဆာ၊ လေးထပ်ကျောက်ကျောနှင့် ကြက်ဥကျောက်ကျောပြုလုပ်နည်းများကို စာတွေ့ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကာ ကျုံဝါးရွာမှ ကရင်တိုင်းရင်းသား သင်တန်းသား/သူ (၂၄) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “အခြေခံနှင့် အဆင့်မြင့်ကွန်ပျူတာသင်တန်းများနှင့် ခြင်းတောင်းရက်သင်တန်း” များဖွင့်ပွဲ အခမ်းအနားကို (၁၃-၅-၂၀၂၆) ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်မှ တက်ရောက်လာသည့် သင်တန်းသား/ သင်တန်းသူများနှင့် ဒေသခံများအား အားပေးစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခြင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများနှင့် သင်တန်းမှရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခြေခံကွန်ပျူတာသင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၂-၆-၂၀၂၆) အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း၊ ခြင်းတောင်းရက်သင်တန်းကို (၁၃-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ သင်တန်းသူ (၂၀) ဦးဖြင့်လည်းကောင်း၊ အဆင်မြင့်ကွန်ပျူတာသင်တန်းကို (၁၂-၆-၂၀၂၆) ရက်နေ့မှ (၁၃-၇-၂၀၂၆) ရက်နေ့အထိ သင်တန်းသား(၁၆) ဦး၊ သင်တန်းသူ(၁၄) ဦး စုစုပေါင်း (၃၀) ဦးဖြင့် လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် "အခြေခံစက်ချုပ်သင်တန်း"ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေတွင် ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ လူငယ်စင်တာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား‌လူမျိုးရေးရာ ဝန်ကြီး ဦး‌စောလင်းအောင်က အခြေခံစက်ချုပ်သင်တန်းတက်ရောက်မည့် သင်တန်းသူများ အား အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အခမ်း အနားသို့ တက်ရောက်လာကြသူများက “အခြေခံစက်ချုပ်သင်တန်း” အတွက် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှု့ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ “အခြေခံစက်ချုပ်သင်တန်း"ကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၃၀-၅-၂၀၂၆) ရက်နေ့အထိ (၂၀) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး လက်ပြတ်(ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့ လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ်(ပုံစံအမျိုးမျိုး)၊ စတစ်ကော်လံ(လက်ဖောင်း/ ရိုးရိုး)၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီ၊ သုံးလွှာ စကပ်ချုပ်နည်း စသည်တို့ကို စာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ပ်ြီး အင်းတကော် ဒေသအတွင်းရှိ ကရင်တိုင်းရင်းသား သင်တန်းသူ (၂၀)ဦးတက်ရောက် သင်ကြားလျက်ရှိ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်း အနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာ၊ ဒိုင်းပြဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက သင်တန်းနည်းပြအား ချီးမြှင့်ငွေ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၇-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ် ပို့ချမည်ဖြစ်ပြီး သစ်သီးယိုစုံများ၊ ဖျော်ရည်အမျိုးမျိုး၊ မြေပဲယို၊ နှမ်းယိုနှင့် ဂျယ်လီ အမျိုးမျိုး ပြုလုပ်မှုနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ဒိုင်းပြ ကျေးရွာမှ ဒေသခံတိုင်းရင်းသား (၁၀) နှင့် တိုင်းရင်းသူ(၂၀) ဦး စုစုပေါင်း (၃၀) ဦး တက်ရောက် လျက်ရှိ ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာ ကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားများ အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် “အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၁-၅-၂၀၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာ၊ ဘုန်းကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မင်းမျိုးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၁-၅-၂၀၂၆) ရက်နေ့မှ (၁၅-၅-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဘက်စုံသုံးဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ ခေါင်းလျှော် ဆပ်ပြာဆီ၊ ဆပ်ပြာအကြည်ခဲအမျိုးမျိုးထုတ်လုပ်မှုနည်းပညာများအား စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကာ ကမော့ကချူးကျေးရွာမှ ဒေသခံတိုင်းရင်းသား သင်တန်းသူ (၃၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အစိုးရသစ်၏ ပထမရက်ပေါင်း(၁၀၀)အတွင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန က တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကွန်ပျူတာသင်တန်း(၂/၂၀၂၆)ကို (၄-၅-၂၀၂၆)ရက်နေ့ မှ (၄-၆-၂၀၂၆) ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယန်း၊ ဗမာ၊ အင်းသား၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ရှမ်း၊ပလောင်၊ လီဆူ၊ ကရင် တိုင်းရင်းသား (၂၀)ဦး တို့က တက်ရောက်သင်ယူလျက်ရှိပါသည်။ ၎င်းအပြင် တိုင်းရင်းသားများမုန့်မျိုးစုံထုတ်လုပ်နိုင်သော အသက်မွေးဝမ်းကျောင်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၌ မုန့်အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း(၄/၂၀၂၆) ကို (၂၆-၅-၂၀၂၆) ရက်နေ့မှ (၄-၆-၂၀၂၆) ရက်နေ့အတွင်းဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အစိုးရ၏ ပြည်သူ့အတွက် ရက်(၁၀၀) စီမံချက် လမ်းညွှန်မှုအရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် “တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း”အစီအစဉ်ကို (၅-၅-၂၀၂၆) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုန်းတပင် ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမျိုးမင်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး မိမြတ်ခတ္တာသင်း၊ သထုံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုး၊ မွန်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့ငြိမ်းနှင့် သထုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူစင်ဖွေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါ သည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၆၀)ဦးတို့မှ စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်ကျော်သိန်းက အသိပညာပေးဟောပြောသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်ဖတ်ရှုပါရန်