ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

အခြားသတင်းများ

  • 30
  • SEP

  • 30 September 2025
  • တောင်ကြီး

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် ဝန်ကြီးဌာနကိုယ်စားပြု စိန်နားပန်မီးပုံးပျံ အောင်မြင်စွာ လွှတ်တင်နိုင်ရေးအတွက် လုပ်ငန်းအပ်နှံနိုင်ရေး ဆွေးနွေးနေမှုနှင့် စိန်နားပန်မီးပုံးပျံကိုယ်ထည်တွင်ပန်းချီရေးဆွဲနေမှုအခြေအနေ မှတ်တမ်းဓာတ်ပုံများ (၂၉-၉-၂၀၂၅)

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • SEP

  • 30 September 2025
  • ပဲခူး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၆-၉-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၊  တရုတ်ဘုံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။  ထို့နောက် ပဲခူးတိုင်းဒေသကြီး  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ထူးကျော်၊ ညောင်လေးပင် မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားဦး၊ ပဲခူးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က အသိပညာပေး ဆွေးနွေးဟောပြောသည့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီးနောက် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၀)ဦးတို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 30
  • SEP

  • 30 September 2025
  • ဧရာဝတီ

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၂၆-၉-၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမပိုင်းအစီအစဉ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကား ပြောကြားခြင်း၊ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးက မိတ်ဆက်စကား ပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက လူမှုဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်း များကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းထွန်းက TA/LT ခန့်ထားခြင်းဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသား ရေးရာကိစ္စရပ်များကိုလည်းကောင်း အသိပညာပေးရှင်းလင်း ပြောကြားခဲ့ပြီးနောက် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၇၃)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်။ ဒုတိယပိုင်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာ-အနောက်ပိုး-စကောကရင် သင်ကြားရေးအထောက်အကူပြု စကားပြောစာအုပ်များကို ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်နွယ်က စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါက်တာစိန်ဝင်းက မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသားပြည်သူ(၂၉၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 24
  • SEP

  • 24 September 2025
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ အဆင့်မြင့် ခြင်းရက်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို (၂၂-၉-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အေးသန္တာက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ အမုန်းစကားနှင့် အကြမ်းဖက်မှု ဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်း ကိစ္စရပ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စိုင်းကျော်ထူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် စုပေါင်းအမှတ်တရဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဆင့်မြင့်ခြင်းရက်လုပ်ခြင်းသင်တန်းကို (၂၂-၉-၂၀၂၅) ရက်နေ့မှ (၂၆-၉-၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသူ (၂၀) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 10
  • SEP

  • 10 September 2025
  • မွန်

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြား ရေးမှူးရုံးမှ ဦးဆောင်၍ “တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာခြေပြု အသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၁၀-၉-၂၀၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊  ပိန္နဲကုန်းကျေးရွာ၊ အ.ထ.က(ပိန္နဲကုန်း)၌  ကျင်းပပြုလုပ်ခဲ့ပါသည်။   အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဌေးမို့မို့၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန့်ဇင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်၊   ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်မြတ်စုမွန် တို့က အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က စစ်တမ်းကောက် ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းမေးခွန်းလွှာများတွင် ဖြေဆိုရမည့်ပုံစံများအား ရှင်းလင်းပြော ကြားခဲ့ပါသည်။ ဆက်လက်၍ မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနမှ ဝန်ထမ်းများမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၇၀) ဦး တို့က စစ်တမ်းမေးခွန်း လွှာများဖြေဆိုခဲ့ကြပြီးနောက် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပြီး မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။  

ဆက်လက်ဖတ်ရှုပါရန်
  • 15
  • AUG

  • 15 August 2025
  • ပဲခူး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လမ်းညွှန်မှုတို့ဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သည့် “လူသုံးကုန် ပစ္စည်းထုတ်လုပ်မှုနည်းပညာပေးသင်တန်း” ဆင်းပွဲအခမ်းအနားကို (၁၅-၈-၂၀၂၅) ရက်နေ့ တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသီရိအေးက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း(ပဲခူး)မှ ကျောင်းအုပ်ကြီး ဦးအောင်နိုင်စိုးက သင်တန်း ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။  အဆိုပါ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာပေးသင်တန်းကို (၁၁-၈-၂၀၂၅) ရက်နေ့မှ (၁၅-၈-၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား တိုင်းရင်းသား/တိုင်းရင်းသူ (၂၀)ဦး တက်ရောက်ကာ ကျွမ်းကျင်နည်းပြသင်တန်းဆရာက အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာ ရည်၊ ခေါင်းလျှော်ရည်၊ သဘာဝသစ်သီးများဖြင့်ပြုလုပ်သော ဆပ်ပြာခဲ ပြုလုပ်နည်းများကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • AUG

  • 07 August 2025
  • ရန်ကုန်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး ကျင်းပသော “တိုင်းရင်းသားရေးရာအသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်နှင့် အခြေခံခြင်းတောင်းရက် လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၈-၆-၂၀၂၅ ရက်နေ့၊ နံနက် (၁ဝး၀၀) နာရီတွင် တိုက်ကြီးမြို့နယ်၊ ကျားချောင်း ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ ဒေါ်ကြည်ကြည်ခင်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ဦးစီးအရာရှိ နန်းကြည်ကြည်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှ မှော်ဘီမြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းမောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထိုက်နှင့် သမဝါယမဦးစီးဌာနမှ တိုက်ကြီးမြို့နယ်ဦးစီးမှူး ဦးအုန်းထွန်း တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ သင်တန်းတက်ရောက်မည့် သင်တန်းသား သင်တန်းသူများ အပါအဝင် စုစုပေါင်း (၈၃) ဦး တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်းမေးခွန်းလွှာ (၆၀) အား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 07
  • AUG

  • 07 August 2025
  • မကွေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးနှင့် အခြေခံ ပညာဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ “တိုင်းရင်းသားရေးရာ နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား” ကို (၇-၈-၂၀၂၅) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အ.ထ.က(၂)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခွန်အားဖြစ်စေမည့် အားပေးစကားများနှင့် လူငယ်များ အသိဉာဏ်ပညာတိုးတက်စေရန်၊ ရေးသားမှတ်သားသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ကျောင်းစာကြည့်တိုက်များကို အကျိုးရှိစွာ အသုံးချစေရေး အသိပညာပေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်‌ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံညွှန်ကြားရေးမှူး ဒေါ်မြတ်သန္တာဝင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မွန်မွန်အေး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံးမှ ဒေါ်သဲစုမွန်နှင့် မင်းဘူးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်ခိုင်စိုး တို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီး ဦးထွန်းခင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များနှင့် အ.ထ.က(၂) မင်းဘူးမြို့မှ ကျောင်းသား/သူများစုစုပေါင်း (၁၈၆) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 06
  • MAY

  • 06 May 2025
  • ကရင်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးက ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အခြေခံလူသုံး ကုန်ထုတ်လုပ်မှုနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ ပန်းတိမ်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ (၆-၅-၂၀၂၅)ရက်နေ့၊ နံနက် (၁ဝး၀၀)နာရီ အချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်း များ၊ လှိုင်းဘွဲမြို့နယ်အုပ်ချုပ်ရေးမှူး၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ပန်းတိမ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။  (၆-၅-၂၀၂၅) ရက်နေ့မှ (၁၀-၅-၂၀၂၅) ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည့် အဆိုပါ သင်တန်းတွင် ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲအမျိုးမျိုးပြုလုပ်နည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၉) ဦး၊ သင်တန်းသူ (၂၁)ဦး၊ စုစုပေါင်း (၃၀)ဦးတို့က တက်ရောက် သင်ကြား လျက်ရှိကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • FEB

  • 05 February 2025
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၄-၁-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ တုံလုံကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အမုန်း စကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသား လူမျိုးများ၏ ဝိသေသရှေ့ဆောင်အမည်နာမများထည့်သွင်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရပ်ရွာအခြေ ပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း အကြောင်းအရာများကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းကံက လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၅) ဦးတို့က ဖြေဆို ခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • FEB

  • 05 February 2025
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၄-၁-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ တုံမာဟဲကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင်အမည်နာမများ ထည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းကံက လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော အမျိုးသမီးအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၀) ဦးတို့က ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • FEB

  • 05 February 2025
  • စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအကသင်တန်းဖွင့်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နေ့လည် (၂) နာရီအချိန်တွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး၊ ဒေါက်တာဝင့်မြတ်သီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး‌နောက် တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို (၂၃-၁-၂၀၂၅) ရက်နေ့မှ (၂၅-၁-၂၀၂၅) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် ဟုမ္မလင်းမြို့နယ်မှ ဒေသခံတိုင်းရင်းသား သင်တန်းသား/သူ (၄၀)ဦးတို့အား အခြေခံကတ္တီပါဖိနပ်ချုပ်လုပ်နည်း၊ ပန်းအလှထိုးနည်း၊ ရိုးရာအကနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရှိပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 05
  • FEB

  • 05 February 2025
  • ရှမ်းပြည်နယ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်းသားရေးရာဝန်ကြီး၏လမ်းညွှန်မှုဖြင့်  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်း အစီအစဉ်ကို (၂၇-၁-၂၀၂၅) ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ချောင်းကြားကျေးရွာ စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါများပါ အချက်အလက်များ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားအစီအစဉ် ဆောင်ရွက်ရခြင်းအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဖုန်းကျော်က တိုင်းရင်းသားဘာသာ သင်ဆရာ/ ဆရာမ Teaching Assistant (TA)နှင့် Language Teacher (LT) များ ခန့်အပ်ထားမှုကိစ္စများနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ အကြောင်းကိုလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မူးယစ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး အေးမင်းထွန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ အန္တရာယ်တို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်ဖြိုးဝေက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာကိစ္စရပ်များ အကြောင်းကိုလည်းကောင်း၊ ကလောမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာက အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ် များအကြောင်းကိုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များအကြောင်းကိုလည်းကောင်း  အသီးသီး အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ဒေသခံများထံ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက  ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူခဲ့ရာ ကလောမြို့နယ်အတွင်းရှိ ထနော့တိုင်းရင်းသား (၁၀၀) တို့က ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • FEB

  • 04 February 2025
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၁၁-၁-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အမုန်းစကား နှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ ဝိသေသရှေ့ဆောင်အမည်နာမများ ထည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၇၆) ဦးတို့က ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်
  • 04
  • FEB

  • 04 February 2025
  • စစ်ကိုင်းတိုင်းဒေသကြီး

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ကြီးမှူး၍ “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း” အစီအစဉ်ကို (၂၄-၁-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ စံကပ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာဝင့်မြတ်သီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများ၊ အမုန်းစကား နှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုး များ၏ ဝိသေသရှေ့ဆောင်အမည်နာမများ ထည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် စစ်တမ်းကောက်ယူခြင်း အကြောင်းအရာများကိုလည်း ကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းကံက လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမျိုးသမီးအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၊ ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၆၂) ဦးတို့က ဖြေဆိုခဲ့ကြ ကြောင်း သိရှိရပါသည်။ 

ဆက်လက်ဖတ်ရှုပါရန်